စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းစန်းဝေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်တို့သည် (၇.၆.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များနှင့် စတိုးဆိုင်များ ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအားလည်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)