ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစီအစဉ်အရ ၂၀၂၃ ခုနှစ် ၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း”ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် “စီးပွားဖြစ်အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြခြင်းသင်တန်း” ဖွင့်ပွဲ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်၊၊
သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအုန်း သီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ သင်တန်းသားများ တက်ရောက်ခဲ့ပါသည်၊၊
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကား ပြောကြားခဲ့ပြီး စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များအကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပါသည်၊၊
ထို့နောက် သင်တန်းနည်းပြနှင့်သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး နံနက် ၁၀:၀၀ နာရီတွင် သင်တန်းပို့ချခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက် ခဲ့ပါသည်။ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ရက်နေ့ မှ ၁၀ရက်နေ့အထိ(၃)ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၃၀)ဦး တက်ရောက်ကြမည် ဖြစ်ရာ လက်တွေ့ကွင်းဆင်း သရုပ်ပြလေ့ကျင့် ခြင်းများလည်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။
DOCA( ဧရာဝတီ)