စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ထားမဲင်းဇိန်(ရုံးအကူမှူး)တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်း(အ.ထ.က(၂)အနီးနားရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်ရောင်းချနေသူများအား သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချပေးရန်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများကို ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ဖြစ်စေ ထိခိုက်နစ်နာစေမည့် ကုန်စည်နှင့် ဝန် ဆောင်မှုမျိုးတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနနေဖြင့် အဓိက ရည်ရွယ်ချက် ဖြစ်သည့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးရမည်ဖြစ်၍ ပြည်တွင်း၌ စားသုံးသူပြည်သူများကို ထိခိုက်နစ်နာစေမည့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် နယ်စပ်မှ မိမိတို့နိုင်ငံအတွင်းသို့ ဘေးအန္တရာယ်ဖြစ်စေနိုင်သော တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာပါက အချိန်နှင့်တပြေးညီ စားသုံးသူပြည်သူများကို အသိပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးများ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခြင်းမရှိဘဲ တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ကုန်စုံဆိုင်ရောင်းသူများအနေဖြင့် သက်ဆိုင်ရာဌာနက သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ပူးပေါင်းလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့ပါသည်။
DOCA(ချင်း)