စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ ကျွန်းကလေးကျေးရွာ၌ (၈.၆.၂၀၂၃ )ရက်နေ့ ၊ နံနက် (၁၀ : ၃၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး ၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီနှင့် သတင်းနည်းတာဝန်ခံ ဒေါ်ကြည်ကြည်ချို ၊ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်အခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် ၊ သောက်ရေသန့်များတွင် ထားသိုသိမ်းဆည်းရန် အညွှန်း ၊ ထုတ်လုပ် ရက် ၊ ကုန်ဆုံးရက်များ ပြည့်စုံစွာဖော်ပြရန် ၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၁) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးရမည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည် ။
DOCA(ပဲခူး)