Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က စားသုံး သူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားခဲ့ပြီး စားသုံးရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကိုလည်းကောင်း ရှင်းလင်းအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)