Main menu

လွိုင်ကော်မြို့ပေါ်ရှိဆေးဆိုင်များသို့တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသော ဆေးဝါးများအားဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချ နေသည့် ဆေးဆို်ငများသို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော BABY COUGH Syrup ကလေးချောင်းဆိုးပျောက်ဆေးနှင့် Cadramine-V Lotion အလှကုန်များ တရားမဝင်တင်သွင်းရောင်းချခြင်းများရှိ/မရှိ မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် ပူးပေါင်း၍ဈေးကွက်စောင့်ကြည့် စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင် အချို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာတွင် တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသော BABY COUGH Syrup ကလေးချောင်းဆိုးပျောက်ဆေးနှင့် Cadramine-V Lotion အလှကုန်များကို တင်သွင်း ရောင်းချမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်ဆေးဝါးများနှင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ဆေးဝါးများကို တင်သွင်းရောင်းချ ဖြန့်ဖြူးခြင်းမပြုကြရန်၊ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်းများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာဌာန၏ဥပဒေအရ ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း ဆေးဆိုင်(၁၂)ဆိုင်အား အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(Kayah)