Main menu

တောင်ငူမြို့ခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၃ခုနှစ်၊ဇွန်လ ၈ ရက်နေ့ ၊မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ် ၂၂ မင်းကြီးညိုရပ်ကွက်၊ ရေခဲလမ်းရှိ ရာအိမ်မှူးနေအိမ်၌ ရေခဲလမ်းနေပြည်သူ(၁၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များ ဝယ်ယူရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကို ဆွေးနွေး ဟောပြောခဲ့ပါသည်။

   အလားတူ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဇွန်လ  ၉ ရက်နေ့ နံနက်ပိုင်းက  ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ် ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

   မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားများဖော်ပြရန် ပြဌာန်းချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများက ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးသည့် အကြောင်းများကို ဆွေးနွေး ဟောပြောပါသည်။

   ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင် (၁၂)ဦးတို့တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)