တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်ငူမြို့နယ် ဆူးတပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသူကျောင်းသားများအား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီး ဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ ရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်စေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားရှိပြီးဖြစ်ရာ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန်အရေးကြီးပုံများကို ရှင်းလင်းဟောပြောပါသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်တို့ကလည်း မိမိတို့နှင့်သက်ဆိုင်ရာကဏ္ဍများအလိုက် ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၈၀ ဦး တက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)