Main menu

အုတ်တွင်းမြို့နယ်မှ ပြည်သူ့မေတ္တာဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများလေ့လာ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ၂၀၂၃ခုနှစ်၊ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ညောင် ခြေထောက်မြို့ရှိ မိဘမေတ္တာဆန်စက်ပိုင်ရှင် ဦးကျော်စိုးမိုးနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်း၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုကို ကြည့်ရှုလေ့လာခဲ့ပါသည်။

    ပြည်သူ့မေတ္တာဆန်စက်သည် တန် ၄၀ ကျခေတ်မီဆန်စက်ဖြစ်ပြီး လျှပ်စစ်မီးပုံမှန်ရရှိ စဉ်က လုပ်သား ၂၅ ဦးဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့သော်လည်း ယခုအခါတွင် လျှပ်စစ်မီး ပုံမှန်မရရှိသည်က တစ်ကြောင်း၊ ညဘက်စက်လည်ပတ်ခွင့်မပြုသည်က တစ်ကြောင်းကြောင့် လုပ်သား ၅ ဦး ဖြင့်သာ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း ဆန်စက်ပိုင်ရှင် ဦးကျော်စိုးမိုးက ပြောပြပါသည်။

   လက်ရှိစပါးဈေးနှုန်းမှာ မိုးစပါးအဟောင်း တင်း ၁၀၀ လျှင် ၂၁၀၀၀၀၀ ကျပ်၊ နွေစပါး တင်း ၁၀၀ လျှင် ကွင်းဈေး ၁၆၅၀၀၀၀ ကျပ်၊ စက်ရုံအရောက်ဈေး ၁၇၀၀၀၀၀ ကျပ်၊ မိုးဆန်ဈေးမှာ တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ နွေဆန် တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင် ၄၇၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၂၆၀၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)