Main menu

တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(ဌာနခွဲတာဝန်ခံ) ဦးမင်းဇော် ဦးဆောင်၍ စစ်ဆေးရေးမှူး(ဌာနခွဲတာဝန်ခံ) ဦးစောသန်းထိုက်ကျော်၊ စစ်ဆေးရေးမှူး (မြို့နယ်တာဝန်ခံ)ဒေါ်အေးအေးခိုင် တို့ပါဝင်သော အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့် ဆေးဝါးများ၌ စားသုံးသူ များအား အန္တရာယ်ဖြစ်စေနိုင်မှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်အတူ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇေယျာလင်း၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စစ်ဆေးရေးမှူး ဦးထွန်းအောင်ကျော်၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်သန္တာလင်းနှင့် အုတ်တွင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်နေထက်ထွန်း တို့ဦးဆောင်သော အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါသည်။

     ပူးပေါင်းအဖွဲ့ဝင်များသည် အုတ်တွင်းမြို့မဈေးနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော အလှကုန်ပစ္စည်းများနှင့် အစားအသောက်များ၌ ခွင့်မပြုဓါတုပစ္စည်းများ ပါဝင်မှု မရှိစေရေးနှင့် သက်တမ်းလွန်ကုန်စည်များ မဖြစ်စေရေးကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသား များ ဖော်ပြထားခြင်းများကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချသော အိမ်သုံးဆေးဝါးများတွင် တရားမဝင်ဆေးဝါးများမဖြစ်စေရေးနှင့် သက်တမ်းလွန်ဆေးဝါးများ မဖြစ်စေရေးကိုလည်းကောင်း စစ်ဆေးကြည့်ရှုပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကုန်စည်နမူနာများကို ကောက်ယူခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဌာန်းထားပါကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)