ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် (၁၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဒေးဒရဲမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ကုန်ခြောက်လုပ်ငန်း ရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က ရောင်းချလျက်ရှိသောကုန်စည်များ တွင် သတ်မှတ်ထားသည့်ကုန်အညွှန်းအမှတ်အသားများဖော်ပြထားရှိရန်၊ တားမြစ်ထားသောကုန်စည်များကို ရောင်းချမှုမပြုရန် အသိပညာပေးပြောကြားပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မှုအခြေအနေများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည့်အခြေအနေများကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)