Main menu

ဒေးဒရဲမြို့၊ ကုန်းတန်းကလေးကျေးရွာ၌ စားသုံးဆီရောင်းချမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည်  (၁၀-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဆီကုန်သည်နှင့်လုပ်ငန်းရှင်များဦးဆောင်မှုဖြင့် ဒေးဒရဲမြို့၊ ကုန်းတန်းကလေးကျေးရွာနေပြည်သူများအား စားအုန်းဆီများအား ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ဖျာပုံခရိုင်၊ ဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ဒေးဒရဲမြို့နယ်၊  ဆီကုန်သည်နှင့်လုပ်ငန်းရှင်များပူပေါင်းကာ ဒေးဒရဲမြို့၊ ကုန်းတန်းကလေးကျေးရွာနေပြည်သူများအား    စားအုန်းဆီရည်ညွှန်းဈေးတစ်ပိဿာလျှင် (၄၁၀၀) ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် (၅၀) ကျပ်သားနှုန်းစီ လူဦးရေ (၂၂၀) ဦးအား ဆီပိဿာချိန် (၁၁၀) ပိဿာကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)