Main menu

တောင်ငူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ ဦးဆောင်၍ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်တို့က လည်း မိမိတို့နှင့်သက်ဆိုင်သည့် ဌာနများအလိုက် သိသင့်သိထိုက်သည်များကို အသိပညာပေး ဟောပြောခဲ့ပါသည်။

  ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၀၀ ဦး တက်ရောက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် မိမိဌာနတစ်ခုတည်းအနေဖြင့်လည်းကောင်း၊ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍လည်းကောင်း တောင်ငူခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)