Main menu

မော်လမြိုင်အတွင်း သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

                  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင် ၊ ဒု-ဦးစီးမှုး ဒေါ်စောကြည်နှင့် ဝန်ထမ်းများသည် (၁၅.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ “GQ”  အမှတ်တံဆိပ်ပါ ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်၊ စားသုံးသူများအား ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန် ဆွေးနွေးခဲ့ပြီး ရေသန့်ထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူးမှုအခြေအနေနှင့် အခက်အခဲများအား ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)