Main menu

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၇/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၅.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် (၇/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၉) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဒု-ဦးစီးမှူး ဒေါ်ထွေးထွေးအေးက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ အခန်း(၈)ပါ  ခွင့်ခံစားခြင်းအကြောင်းအရာများထဲမှ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ အားလပ်ရက်ရှည်ခံစားခွင့်၊ ဆေးလက်မှတ်ခွင့်၊ လစာမဲ့ခွင့်နှင့် မီးဖွားခွင့်များအကြောင်းတို့ ကိုအကျယ်တဝင့် ရှင်းလင်း‌ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)