Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦးစီးမှူးရုံး၌ (၁၃.၆.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၃၀) နာရီ တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။

       အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မအူပင်ခရိုင်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ၊ အမျိုးသား အကျိုးစီးပွားတိုးတက်မြင့်မားရေး အားပေးကူညီဆောင်ရွက်ရန်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မျှော်မှန်းချက်၊ စီးပွားရေးမူဝါဒများအပြင် ဝန်ကြီးဌာန၏ ကျင့်သုံးလျက်ရှိသော ကုန်သွယ်မှုမူဝါဒ(၅)ရပ်၊ ဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ မူဝါဒများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ ရေရှည်တည်တန့်ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များနှင့်အညီ ဆောင် ရွက်ရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၊ စားသုံးသူများ၊ လုပ်ငန်းရှင်များ ၊ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများအကြောင်း သိရှိစေရန် ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်းသည့် အချက်အလက်များအပြင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားရန် (Complaint System)တို့ဖြင့် စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားကို အားပေးကူညီဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများသိရှိနားလည်နိုင်စေရန်ရှင်းလင်းပြီး မအူပင်ခရိုင်ရုံးအတွင်း ဝန်ထမ်းများ၏ HR လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားခဲ့ပြီး သင်တန်းကို ခရိုင်ဦးစီးမှူးဦးဇော်မင်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးမှူး)၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်တို့က လုပ်ငန်းဆောင်ရွက်ချက်များအား သင်တန်းပို့ချသွားကြပြီး၊ သင်တန်းသား/ သင်တန်းသူ(၁၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၃.၆.၂၀၂၃)ရက်နေ့မှ (၁၄.၆.၂၀၂၃)ရက်ထိ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)