ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မြို့နယ်တာဝန်ခံသည် (၁၃.၆.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ဂဗျဉ်းကျေးရွာအုပ်စုရှိ အ.လ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့် ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)