Main menu

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၁၆.၆.၂၀၂၃ ရက်နေ့၊ ၁၀း၃၀ နာရီအချိန်တွင် အောင်နန်းရပ်ကွက်ရှိ လက်လီ/လက်ကား ကုန်စုံဆိုင် လုပ်ငန်းရှင်  (၂)ဦးနှင့် တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဦးတင်မောင်ထွန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များဖြစ်သော မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊  စားသုံးသူ၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊  အာမခံထားသောအချိန်ကာလအတွင်း   ပြီးမြောက်‌အောင်ဆောင်ရွက်ပေးခြင်း၊  စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)