စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ် ၊ ဇွန်လ(၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မြို့မဈေးအတွင်းရှိ ဦးသိန်းမြင့်မုန့်မျိုးစုံဆိုင်သို့ ဈေးကွက် ရောက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များမှ (DOOWEE DONUT)ဒိုဂီ စတော်ဘယ်ရီအရသာ ဒိုးနက်မုန့်တွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ရေးသားဖော်ပြထားကြောင်း၊ အခြားကုန်စည်များတွင်လည်း ဖော်ပြထားရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဘေးအန္တရာယ်ရှိသောကုန်စည်များနှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန် ရှောင်ကြဥ်ရမည်ဖြစ်ကြောင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)