Main menu

“မိတ္ထီလာခရိုင်အတွင်းရှိ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေ‌ရေး တပ်ဆင်ကူညီပေး’’

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်း၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် ထုတ်လုပ်တင်သွင်း ရောင်းချနေသော “ရွှေမေတ္တာ” အာလူးကြော်နှင့်အကြော်စုံလုပ်ငန်းပိုင်ရှင် ဒေါ်ခိုင်ခိုင်မာမှ မိတ္ထီလာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ၍ ၎င်း၏ “ရွှေမေတ္တာ” အာလူးကြော်နှင့်အကြော်စုံ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်နိုင်ရန်လာရောက် ဆွေးနွေးခဲ့ပြီး “ရွှေမေတ္တာ” အာလူးကြော်နှင့်အကြော်စုံလုပ်ငန်းမှ ထုတ်လုပ်သော စာကလေးခွေကြော်(အစပ်)၊ အာလူးကြော်(အချို) ၊ အာလူးကြော်(အစပ်) အမှတ်တံဆိပ်ပေါ်၌ ဖော်ပြမည့်အမှတ်တံဆိပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ပြန်လည်ပြင်ဆင်၍ လာရောက်လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)