မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ အမှတ်(၈၈)၊ မောင်းတိုင်(၂) ထူပါရုံ မူလတန်းလွန်ကျောင်း၌ (၁၉.၃.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့ ကျရောက်မည့် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” ဆိုင်ရာဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသော သုံးစွဲရန်မသင့် အလှကုန်များနှင့် စားသုံးရန်မသင့် ထုတ်ပြန်ထားသော အစားအစာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇွန်(၂၆)ရက်တွင် ကျရောက်မည့် “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ” သိကောင်းစရာများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)