ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ငှက်ပျောပင်မှထွက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ပြုလုပ်နိုင်သည့် သင်တန်းအား ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၊ ဒုတိယပတ်က မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ သွားရောက်လေ့လာခဲ့ပါသည်။
သင်တန်းတွင် စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြပြီး ငှက်ပျောပင်မှ ထွက်ရှိသော ငှက်ပျောပလပ်များအား လိုသလောက်ဖြတ်တောက်၍ အစိတ်များစိတ်ခြင်း၊ အကြောခွာ၍ အခြောက်ပြုလုပ်ပြီး စက်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း အမျှင်ထုတ်ခြင်း အဆင့်ဆင့်ပြုလုပ်၍ လူသုံးကုန်များဖြစ်သော ဦးထုပ်၊ ဖိနပ်၊ ခင်းဖျာ၊ လက်ကိုင်အိတ်၊ ဆွဲခြင်း၊ ဖုန်းအိတ်များ ၊ အင်္ကျီဖျင်နှင့် ယပ်တောင်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိရသည် ။
DOCA(ပဲခူး)