စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂၀.၆.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ မျိုးမြန်မာ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၄၈)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်း တာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ဒု-ဦးစီးမှူး ဒေါ်တင်တင်မော် က ဆွေးနွေးရာတွင် ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူ အခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလို လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးများကို သိရှိမှသာ ရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်မလာနိုင်ကြောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများ ရှိလာပါက တိုင်ကြားခွင့်၊ အလျော်အစား ရပိုင်ခွင့်နှင့် ကုစားခွင့်များအား ရှင်းလင်းလွယ်ကူစွာ ဟောပြောဆွေးနွေးခဲ့ပါသည်။
ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်အား ကျောင်းသား/ကျောင်းသူများ အလွယ်တကူ နားလည်နိုင်စေရန်အတွက် နမူနာအစားအသောက်များ ပြသ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော စားသောက်ကုန်နှင့် သတ်မှတ်ချက်နှင့်မညီသော အစားအသောက်များအား ခွဲခြားတတ်စေရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေး ဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)