Main menu

တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

     (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မောင်တောမြို့နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မောင်တောကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန်တွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ကုန်စည်များအား တရားမဝင် ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    မောင်တောမြို့နယ် ကညင်ချောင်း စီးပွားရေးဇုန်မှ ပို့ကုန်/သွင်းကုန်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်စည်များကြောင့် ဒေသတွင်း ထိခိုက်မှု မရှိစေရေးနှင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ကုန်စည်များအား ပို့ကုန်လိုင်စင် လျှောက်ထားသည့် အရေအတွက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရခိုင်)