ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၂၂-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် သံတွဲမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဒွါရာဝတီ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ၊ ဒွါရာဝတီ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဦးမျိုးမြင့်ထွန်း(ဒု-ဦးစီးမှူး)က အစားအသောက်နှင့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူသုံးစွဲတတ် စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိ သေချာစွာ လေ့လာဖတ်ရှုပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ခြင်းတို့ ဆောင်ရွက်ကာ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)