စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ဇွန်လ (၂၂.၆.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၂:၀၀)အချိန် ထောက်ရှာကုန်းကျေးရွာတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေပွဲတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းက ထောက်ရှာကုန်းကျေးရွာမှ ပြည်သူများအား စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများမှ ရွှေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ စားသုံးသူများက အခွင့်အရေးကို သိရှိပြီးလျှင် လိုက်နာရမည့် တာဝန်များကိုလည်း လိုက်နာရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါဝင်သည့် ကုန်စည်ကိုရွေးချယ်တတ်စေရန် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို သိရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလာသော ဖြစ်စဉ်များရှိသဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့်ဖြစ်စဉ်များအား ရှင်းလင်းကာ စားသုံးသူအခွင့်အရေး နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ပုံစံများအကြောင်းကို ပြောကြားခဲ့ပြီး ပြည်သူ(၇)ဦးမှ သိရှိလိုသည်များကို စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)