Main menu

ရွှေဟင်္သာ အ.ထ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂.၆.၂၀၂၃) ရက်နေ့၊နံနက် (၀၉:၃၀)မှ (၁၁:၃၀)အထိ ရွှေဟင်္သာ အ.ထ.က(ခွဲ)ကျောင်းတွင် အသိပညာ ပေးဟောပြောပွဲအား မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ‌ဒေါ်ချိုမီဇင်က ဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကို ဟောပြောဆွေးနွေးရာ စားသုံးသူအခွင့်အရေး အချက်အလက်များကို ရှင်းလင်းပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိသည့်အတွက် စားသုံးသူ အခွင့်အရေး(၈)ချက်ကို သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ အခွင့်အရေးကိုသိရှိပြီး စားသုံးသူ၏ တာဝန်များကိုလည်း သိရှိရန်လိုအပ်ပြီး လိုက်နာ၊ ရှောင်ကြဉ်ရန်လိုအပ်သည့် အချက်အလက်များကို သိရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူတို့ဝယ်ယူအသုံးပြုသော ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိမရှိကို လေ့လာရွေးချယ်တတ်စေရန် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်စည်များတွင်ဖော်ပြရမည့် အချက်အလက်များအကြောင်းကိုလည်း သိရှိရမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရယူသုံးစွဲရာတွင် စားသုံးသူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုများကို စားသုံးသူရေးရာမှ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြီး တိုင်ကြားမှုပုံစံနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)