Main menu

ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊  ဈေးကော်မတီရုံးခန်းမတွင် စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့်အတူ ကုန်မျိုးစုံရောင်ချသူ လုပ်ငန်းရှင်များအား၂၀၂၃ ခုနှစ်၊ဇွန်လ (၂၁.၆.၂၀၂၃)ရက်နေ့၊နံနက် (၀၉:၄၅) အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၅) ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ အခန်း(၆)စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ တို့ကိုရှင်းလင်း ဟောပြောခဲ့ပြီးနောက် ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးမှု၊ ကုန်စည်အပေါ်တာဝန်ရှိမှု၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ လုပ်ငန်းရှင်များမှသိရှိလိုသည့်အချက်များကို မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့၍ ကုန်မျိုးစုံလုပ်ငန်းရှင်(၁၆)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)