စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၂.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း/ အမှုထမ်း ဝန်ထမ်း ( ၄၃ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာ ပေးဟောပြောဆွေးနွေးပွဲကို တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးဦးစီးမှူးရုံး၊သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်သင်းသင်းအေး (ဒု-ဦးစီးမှူး) က “Online Meeting ဖြင့်အစည်းအဝေးများပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ (SOP For Online Meeting ) ” အကြောင်း ဆွေးနွေးခဲ့ပြီး ရုံးစာကြည့်တိုက်မှ စာအုပ်များဖတ်ရှု့ပြီး နှစ်ပတ်တစ်ကြိမ်ဆွေးနွေးသည့် စာပေစကားဝိုင်းဆွေးနွေးပွဲကို တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်မိုးသီတာလင်း (ဦးစီးအရာရှိ)က စာရေးဆရာကောင်းသန့်၏ “ လူငယ်အမေး ကောင်းသန့်အဖြေ” အကြောင်း ဆွေးနွေးခဲ့ပြီး ၊ မူဝါဒလေ့လာ ရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဒေါ်တင်တင်ဝင်း(အကြီးတန်းစာရေး)က စာရေးဆရာဖေမြင့်၏ “အားပြင်းသောမြားတစင်း”အကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော သူများမှ အပြန်အလှန် မေးခွန်းများမေးမြန်းခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးက ဖြည့်စွက်ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)