စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၂.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၈/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အ ထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၉) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဒု-ဦးစီးမှူး ဦးသန့်ဇော်လင်းက စားသုံးသူကာကွယ်ရေးနည်းဥပဒေ၊ အခန်း(၈) မှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် တားမြစ်ခြင်းဆောင်ရွက်ပုံအဆင့်ဆင့်ထဲမှ အပိုဒ်(၅၆)၊ (၅၇)၊ (၅၈)၊ (၅၉)၊ (၆၀)၊ (၆၁)၊ (၆၂)၊ (၆၃)၊ (၆၄)၊ (၆၅)၊ (၆၆)၊ (၆၇)၊ (၆၈)၊ (၆၉)၊ (၇၀)၊ (၇၁)၊ (၇၂)အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)