Main menu

ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ်ရှိ “လင်းရောင်ဝင်း”စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ၂၀၂၃ ခုနှစ် ဇွန်လ(၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မိတ်ဖက် ဌာနများဖြစ်ကြသည့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဒု-ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးသီဟမင်းခိုင်နှင့် စားသုံးသူရေးရာဦးစီးဌာန ကျွန်းလှမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဒေါ်ဝေဝေအောင်တို့သည် ကျွန်လှမြို့ သစ်ရာမြိုင် ရပ်ကွက်ရှိ “လင်းရောင်ဝင်း” စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေး ရာသီဥတု ပူပြင်းသည့်အတွက် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးအတွက် အလေးထား ဂရုပြုဆောင်ရွက်ရန်၊ စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လပ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ  နေ့စဉ် သတ်မှတ်ထုတ်ပြန် ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန် ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်း ဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန် ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)