စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် သည် ၂၀၂၃ ခုနှစ် ၊ ဇွန်လ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်ရှိ ကျွန်းလှမြို့” မြင့်မိုရ်ထွန်း “သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှု ရှိစေရေးနှင့်စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်” မြင့်မိုရ်ထွန်း “ သောက်ရေသန့် လုပ်ငန်းထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ ၊ သောက်ရေသန့်သည် အသင့်သောက်သုံးရသော အစားအသောက်ဖြစ်သည့်အတွက် သန့်ရှင်းမှုရှိစေရေး သောက်ရေသန့်များ ထုတ်လုပ်မှု အဆင့်ဆင့် တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် သောက်ရေသန့် ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေ သော သောက်ရေသန့်လုပ်ငန်းရှင်များ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကိုလည်း ကျွန်မတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်း ကူညီဆောင်ရွက်ပေးရန်နှင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(စစ်ကိုင်း)