“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေအတွက် MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ် တွေ့ဆုံဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက်(၀၉:၃၀) အချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သီရိရတနာ”ဆန်စက်လုပ် ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးစွာ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို သိရှိနားလည်ပြီး လိုက်နာရန်လိုအပ်ကြောင်း ၊ မိမိတို့၏ထုတ်ကုန်များ ကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အလေထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အရည် အသွေးပြည့်မီသောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ဒေသတွင်းမှသည် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)