ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၆/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၅/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် အများပြည်သူကို ရှေးရှုပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ စားသုံးသူရေးရာကော်မတီအနေဖြင့် ချင်းပြည်နယ်အတွင်း မှီတင်းနေထိုင်သော စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးခြင်းနှင့် မြှင့်တင်ပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
DOCA(ချင်း)