Main menu

သာစည်မြို့နယ် Talk Show ကျင်းပပြုလုပ်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၌ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

   အဆိုပါ (Talk Show) တွင် ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာမှ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး ဦးစီးဌာန၊ ဒေါ်သိမ့်သူဇာမောင်၊   အကြီးတန်းစာရေးမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေ တွင်ပါဝင်သော စကားရပ်များ၏အဓိပ္ပါယ်များ၊ ဥပဒေ၏မျှော်မှန်းချက်နှင့်ရည်ရွယ်ချက်များ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ စားသုံးသူများမှ တောင်းဆိုနိုင်သည့် အခွင့်အရေးများကို သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Websit www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)