Main menu

စျေးကွက်အတွင်းရေရှည်ရပ်တည်နိုင်ရေး ပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တောမကျေးရွာ၊ ကားလမ်းဘေးရှိ သီရိမုန့်တီလုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ကုန်ကြမ်းအဖြစ် ဆန်ကြမ်း (ငစိန်) ဆန်၊ ပေါ်ဆန်း (ဆန်အလတ်) တို့ကို အသုံးပြုရကြောင်း၊ ဆန်းကြမ်းတစ်အိတ်လျှင် (၅၈၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆလပ်)တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ မုန့်တီဖက်ပြုလုပ်ရာတွင် ဆန်ကိုရေစိမ်၍ တစ်ခါစိမ်လျှင် သုံးအိတ်၊ သုံးရက်ကြာစိမ်ထားပြီး ကြိတ်၍ ရရှိလာသည်များကို နှစ်ရက်ခန့်ထပ်ထားပြီးမှ စက်ထဲ ထည့်ပြီးရိုက်၍ ပြန်လည်ပြုတ်ရကြောင်း၊ ပြုတ်ပြီးလျှင် စက်ပြန်ရိုက်၍ အနစ်ရလျှင် ရေနွေးထဲသို့လက်ဖြင့် ညှစ်ထည်၍ ပြန်ဆယ်ပြီးလျှင် ရေအေးထဲထည့်ကာ မုန့်တီရရှိပါကြောင်း၊ ဆန်သုံးအိတ် ကြိတ်လျှင် အချိန် (၁၅၀) မှ (၂၀၀) ထိ ထွက်ရှိပြီး မုန့်ဖက် တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ တလတွင် လေးကြိမ်စိမ်ရ၍ ရေသန့် သုံးဘူးမှ (၁၀) ဘူးထိ အသုံးပြုရပြီး မိတ္ထီလာမြို့နယ်အတွင်းသာ ရောင်းချသော မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

   မြန်မာလူမျိုးများအနေနှင့် နေ့စဉ်နံနက်၊ အဆာပြေစာအဖြစ် မုန့်တီ၊ မုန့်ဟင်းခါးတို့ကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိရာ မုန့်ဖက်ပြုလုပ်သောလုပ်ငန်းများအနက် မိတ္ထီလာမြို့နယ်ရှိ သီရိမုန့်ဖက်မှာလည်း အရောင်းသွက်သော လုပ်ငန်းဖြစ်ကြောင်း သိရသည်။

 လူတိုင်းနေ့စဉ်နှစ်ခြိုက်စွာ စားသုံးသောအစားအစာဖြစ်၍ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် ဘေးအန္တရာယ်ကင်းသော၊ လုံခြုံစိတ်ချရသော အစားအစာအဖြစ်ဖြင့် စျေးကွက်တွင်ရေရှည် ရပ်တည်နိုင်ရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)