Main menu

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

Powered by Drupal

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

   စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသောစားအုန်းဆီ  တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

      မုံရွာခရိုင်အတွင်း ၁.၆.၂၀၂၃ ရက်နေ့မှ ၂.၆.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီ ပိဿာချိန် (၄၄၀၀ ) ခန့်ကို တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့်လည်းကောင်း၊  ၅.၆.၂၀၂၃ ရက်နေ့မှ ၁၆.၆.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၂၂၀၀၀) ခန့်ကို တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြင့် လည်းကောင်း ၊ ၁၉.၆.၂၀၂၃ ရက်နေ့မှ ၂၃.၆.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၁၀၀၀) ခန့်ကို တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့် လည်းကောင်း၊  ၂၆.၆.၂၀၂၃ ရက်နေ့မှ ၃၀.၆.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီ ပိဿာချိန်(၈၈၀၀)ခန့်ကို တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့်လည်းကောင်း စုစုပေါင်း ပိဿာချိန် (၄၆၂၀၀) ခန့်အား လူစည်ကားရာ ရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)