Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့တွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

      (၂၇.၆.၂၀၂၃)ရက်နေ့၊နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့၌ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ ဗဟိုစာရင်းအင်းအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်သန္တာကျော်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ဝန်ထမ်းဦးရေ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအကြောင်း၊ ဝန်ကြီးဌာန၏ “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” ဆောင်ပုဒ်နှင့်အညီ  “အကျိုးပေါင်းစု ကုန်သွယ်မှုဖြင့် တိုင်းကျိုးပြုအံ့”  မျှော်မှန်းချက်များနှင့် အကောင်ထည်ဖော် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက် စားသုံသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို အသေးစိတ်ရှင်းလင်း ဟောပြောခြင်း၊ တိုင်းဒေသကြီး စားသုံးသူဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက်နှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်းနှင့် စားသုံးသူနစ်နာမှုရှိပါက တိုင်ကြားနိုင်မှုနည်းလမ်းများအကြောင်း၊ ဌာနမှ တိုင်ကြားမှု ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအကြောင်းကို ရှင်းလင်း‌ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများအား ပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)