Main menu

စားအုန်းဆီရောင်းချနေမှုများ စိစစ်ကြပ်မတ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃၀.၆.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Zabu Kan Tun Trading Co.,Ltd မှ စားအုန်းဆီဈေးကားများ ရောင်းချပေးနေမှုအခြေအနေများကို ပူးပေါင်းကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

        အဆိုပါရောင်းချရာတွင် Zabu Kan Tun Trading Co.,Ltd မှ ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်း ချပေးသောစားအုန်းဆီများ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ အလေးချိန်မှန်ကန်စွာ ရောင်းချပေးခြင်း၊ စနစ်တကျဝယ်ယူ/ရောင်းချနေခြင်းနှင့် စားအုန်းဆီ ၁ ပိဿာလျှင် (၄၂၀၀)ကျပ်ဖြင့် လူတစ်ဦး လျှင် (၁)ပိဿာနှုန်းဖြင့်လည်းကောင်း၊ မီးဒုံးလမ်းနှင့် မီးဒုံး (၂) လမ်းထောင့်၊ (၂၉) ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စားသုံးသူပြည်သူများအား ဆီပိဿာချိန် (၅၅၀) ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)