Main menu

စာသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၇-၇-၂၀၂၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) နံနက် (၀၉:၀၀)အချိန်တွင် ပြုလုပ်ခဲ့သည်။ နေပြည်တော်ဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအသိပညာ ပေးသိကောင်းစရာများနှင့် အပင်ပိုးမွှား(Bio Hazard) ဓါတုဓါတ်ကြွင်းများကို ကုန်သွယ်ရေးနှင့် စားသုံးသူရှုထောင့်ဘက်မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်ဟန်စုယဉ်ညွန့်က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး(၈)ချက်၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေး နွေးပြောကြားခဲ့ပြီး သိရှိလိုသည်များကို အပြန်အလည်  ဆွေးနွေးပြောကြားခဲ့ပါသည်။

     တက်ရောက်လာကြသော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၈၅)ဦးတက်ရာက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)