Main menu

မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၃) ကျင်းပခြင်း

Powered by Drupal

    ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၃)ကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဆန်စက်လုပ်ငန်းရှင်များအသင်း နာယက၊ ဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အမှုဆောင်များ၊ အသင်းဝင်များ၊ NEI မှ တာဝန်ရှိသူများ၊ ဘဏ်လုပ်ငန်းရှင်များ၊ စုစုပေါင်း(၃၁)ဦး တက်ရောက်ခဲ့သည်။

 မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း နာယကမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ဆန်စပါးကိစ္စရပ် များနှင့်ပတ်သက်ပြီးလာရောက်ဆွေးနွေးပေးကြသောလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပေးသော UAB ဘဏ်မှတာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌမှ အသင်း၏ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များကိုရှင်းလင်းတင်ပြပြီး NEI မှတာဝန်ရှိသူက ဆန်စက်အသင်း အတွက် PROFILE ဆောင်ရွက်မှုအစီစဉ်ကို ပြောကြားခဲ့သည်။ ထို့နောက် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ပြီး အစည်းအဝေးအား ညနေ(၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)