Main menu

ရမ်းဗြဲမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တာဝန်ခံ ဦးရွှေကျော်မိုး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် (၇-၇-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ရမ်းဗြဲမြို့ အမှတ်(၄) ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးရွှေကျော်မိုး(ဒု-ဦးစီးမှူး) မှ ဈေးဆိုင်ပိုင်ရှင်များအား မိမိတို့ ရောင်းချနေသော ကုန်စည်များသည် စားသုံးသူပြည်သူများအား ဘေးဥပါဒ်မဖြစ်စေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ၏ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ၊ ထောက်ခံချက်များပါရှိသော ကုန်စ္စည်းများကို သာရောင်းချကြရန်၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး ဈေးဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ရောင်းချသည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)