Main menu

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ခမ်းမြို့ရှိ လိုင်ဘုန်မူကြိုကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင်ဒါလ်း(အကြီးတန်းစာရေး)သည်(၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ လိုင်ဘုန်မူကြိုကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲအခမ်းအနားတွင် ဆရာဦးဒါလ်းမန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကျောင်းသား/သူများသာမက ဆရာ/မများကိုပါ စားသူသုံးသူ၏ အခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာများ ရရှိမည့် ဟောပြောပွဲဖြစ်သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားခဲ့ပါသည်။ ထို့နောက် ဦးပြောင်ဒါးလ်မှ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် စားသုံးသူ၏ အခွင့်အရေးနှင့်လုပ်ငန်းတာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဆရာ/မများအနေဖြင့် ယခုလို မူကြိုကျောင်းတက်နေသည့် ကလေးသူငယ်များကို စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာရပ်များ  ပိုမိုသိရှိနားလည်လာအောင် ကျောင်းပြင်ပ ဗဟုသုတအနေဖြင့် ထပ်ဆင့်အသိပညာပေးစေလိုပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အခမ်းအနားတွင် ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

DOCA(ချင်း)