Main menu

ဘားအံမြို့ရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းမုန့်ဈေးတန်းစစ်ဆေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးပါဝန်ထမ်းများသည် ၁၀-၇-၂၀၂၃ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ အမှတ် ၅ ရပ်ကွက်၊ အောင်နန်းရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသူကျောင်းသားများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ကျောင်းအစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ကျင်းပခဲ့ရာ  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က စားသုံးသူအခွင့်အရေး (၈) ချက်ကိုလည်းကောင်း၊ ဒေါ်ဇာခြည်အောင် (ဦးစီးမှူး) ကျောင်းသား/ ကျောင်းသူများ အစားအသောက်များဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူ စားသုံး တတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာလိုအသေးစိတ် ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြ  ရှင်းလင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း အသိပညာပေးခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲတွင် Grade 5 , Grade 6 , Grade  7 မှ ကျောင်းသား/ကျောင်းသူ ၈၅ဦးနှင့် ဆရာ/ဆရာမ ၁၅ ဦး ၊ စုစုပေါင်း  ၁၀၀ ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)