Main menu

ခရိုင်ဆီကုန်သည်အသင်း ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်  ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၁.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ရွှေဘိုခရိုင် ဆီကုန်သည်အသင်းဥက္ကဌ (ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေး) လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က စားသုံးဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ရောင်းချသည့်ဆီအမျိုးအစားများနှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးဆီများ သယ်ယူရာတွင် သတ်မှတ်ချက်များနှင့် အညီလိုက်နာဆောင်ရွက်ကြရန်၊ ရောင်းချရာတွင်လည်း အလေးအချိန်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့် ကုန်စည်များကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်/ အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူစားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန် လိုအပ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးခြင်းမပြုမီ ထုပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ်အသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုအပ်သည့် အကြောင်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)