Main menu

ကျွန်းလှမြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၆)ရက်နေ့ နံနက် (၀၉;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ဦးမောင်ကြီး+ဒေါ်အိကုန်စုံဆိုင်အား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မရဲစခန်းမှ ရဲတက သိန်းဇော်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်တို့က ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါစစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၌ ရောင်းချသည့် စားသုံးဆီများအား ထုတ်ကုန် လုံခြုံ စိတ်ချရမှု ရှိ/ မရှိ ၊ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ   Goody ဟင်းရွက်ဆီ နှင့် Duck ဟင်းသီးဟင်းရွက်ဆီများတွင် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု မရှိကြောင်း တွေ့ရှိရပါသည်။ဆက်လက်၍ ရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့် ကုန်စည်အပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်ဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် မိမိတို့ထံ လက်ဝယ်လာရောက် ပို့ဆောင်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းပေးရန်နှင့် မပြည့်စုံပါက မိမိတို့မှ ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား လျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း ၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)