Main menu

ကျွန်းလှမြို့ရှိ ဆယ်သိန်း မြေပဲဆီသန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ(၇)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှ မြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ” ဆယ်သိန်း “မြေပဲဆီသန့် လုပ်ငန်းရှင် နှင့် သွားရောက် တွေ့ဆုံ ဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးဆီမြေပဲဆီသန့်များ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး တို့အတွက်” ဆယ်သိန်း “မြေပဲဆီသန့် လုပ်ငန်းထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ ၊ အချိန်အတွယ်မှန်ကန်မှု ရှိ/ မရှိနှင့် မြေပဲဆီသန့်သည် အသင့်ဆမ်းစားရသော စားသုံးဆီဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး ၊မြေပဲဆီသန့်များ ထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် မြေပဲဆီသန့် ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြစေရေးတို့ မိမိတို့စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော မြေပဲဆီသန့် လုပ်ငန်းရှင်များ  မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကိုလည်း စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်း  ကူညီဆောင်ရွက်ပေးရန်နှင့်  ဒေသထွက်“ဆယ်သိန်း” မြေပဲဆီသန့်စက်မှ ထုတ်လုပ်နေသော အမှတ်တံဆိပ်အား စိစစ်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင် ဖြည့်သွင်း ကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား လျှောက်ထားရန် တိုက်တွန်း ပြောကြားကာ ဆယ်သိန်း မြေပဲဆီသန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်တို့မှ ကုန်အညွှန်းအမှတ်အသား လျှောက်ထား ခဲ့ပါသည်။ ထို့နောက် မိမိတို့ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)