Main menu

ကျွန်းလှမြို့ ခေတ်ကြိုက်သောက်ရေသန့်စက်ရုံရှိ အလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေး အသိပညာပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စက်ရုံအတွင်းရှိ အလုပ်သမားများကို (၇.၇.၂၀၂၃)ရက်နေ့ နံနက် (၀၉:၃၀)နာရီ အချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ”ခေတ်ကြိုက်“ သောက်ရေသန့် စက်ရုံသို့ သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်လှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်သည် လုပ်ငန်းရှင်နှင့် စက်ရုံရှိအလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

      အဆိုပါ ”ခေတ်ကြိုက်“ သောက်ရေသန့် လုပ်ငန်းရှင်နှင့် အလုပ်သမားများကို စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့်အချက်များ၊ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန် ၊ ကုန်စည်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန၏ အတည်ပြုချက် ရယူနိုင်ရေးဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး(၈)ချက် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု ရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) တွင်လည်းကောင်း ၊ မိမိတို့ဌာန၏ Website  ဖြစ်သော www. doca.gov.mm တွင်လည်းကောင်း ၊ MPT ၊ mytel ၊  Telenor ၊  Oredoo   SIM Card User များအားလုံး Call Center No. 1535 တို့တွင် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ နှင့် မိမိတို့ကိုဟောပြောသွားသော အချက်အလက်များကို မိမိတို့ မိသားစုများ၊ အသိမိတ်ဆွေများကို ပြန်လည်ရှင်းပြပေးရန်အတွက်ု စက်ရုံပိုင်ရှင်နှင့် စက်ရုံအလုပ်သမား (၈)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ 

DOCA(စစ်ကိုင်း)