Main menu

ရွှေဘိုခရိုင် (၆/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

     ယင်းသို့ဆောင်ရွက်ရာတွင် (၁၂.၆.၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးရှိ ကျောက်မြောင်းမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်၊ (၁၄.၆.၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ BOC စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ Million မုန့်မျိုးစုံလုပ်ငန်းရှင်၊ ရွှေဘိုမြို့၊ အမှတ် (၆)ရပ်ကွက်ရှိ ထွန်းဆီမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်းစီးပွားရေး လုပ်ငန်းရှင် (၆)ဦးအား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်နှင့်  ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်စည်ကို ရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့် ကုန်စည်များ ကိုသာ ရောင်းချကြရမည်ဖြစ်သဖြင့် ကုန်အညွှန်း အမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့်အချက်များကို သိရှိရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပါ အချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည့်အပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)