Main menu

မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ချောင်းဦးမြို့နယ်တာဝန်ခံ တို့သည် ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို (၆.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ဒေါနခြံ ရပ်ကွက်ရှိ အမှတ် (၂)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၅၅)ဦး တက်ရောက်ခဲ့ပါသည်။

  အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနနှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ မတူညီသော လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူများ ရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်များကို ဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားကို အလေးထားပြီး ကြည့်ရှု့စေလိုကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပါ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊  ချောင်းဦးမြို့နယ် တာဝန်ခံမှ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် ပတ်သက်၍ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက် ပေးမှုကြောင့် ပြေလည်မှုရရှိခဲ့သည့် ကိစ္စရပ်များ၊ ယခုအခါတွင် Online Shopping များ ပိုမိုခေတ်စားလာသဖြင့် Online Shopping အသုံးပြုမှုနှင့်ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ‌ကျောင်းသား/သူများသည် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို ကလေးအရွယ်မှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ကြွယ်ဝပြီး မိမိတို့၏ ရသင့်ရထိုက် သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များကို သိရှိလိုက်နာကြရန် လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် အပြန်အလှန် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ အခမ်းအနားကို နေ့လယ် (၁၃:၄၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)